NEW HOUSING PROJECT

NEW HOUSING PROJECT

ကို့ကုန်းပြည်သူ့အဌားအိမ်ရာ ပြန်လည်ဆောက်လုပ်အကောင်ထည်ဖော်မည် ကြို့ကုန်းပြည်သူ့အဌားအိမ်ရာကို တန်ဖိုးလတ်အိမ်ရာအဖြစ်ပြန်လည် တည်ဆောက်သွားမည်ဖြစ်ကြောင်း Yangon Metropolitan Development Public (YMD)မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်ကပြောသည်။ အဆိုပါအိမ်ရာကို တန်ဖိုးလတ်အိမ်ရာ အဖြစ်ပြန်လည်ဆောက်လုပ်သွားမည်ဖြစ်ပြီး ဆောက်လုပ်မဲ့ဒီဇိုင်း ကုမ္ပဏီသုံးခုမှ ဒီဇိုင်းများရရှိပြီးဖြစ်ပြီး စိတ်ဝင်စားမှုတင်ဒါ (EOI) ခေါ်ယူသွားမည်ဖြစ်သည်။စီမံကိန်းတွင် ၈ထပ်၊ ၁၂ထပ်အဆောက်အအုံများအပြင် အထပ်မြင့်များလည်းပါ၀င်ဖြစ်ကြောင်းသိရသည်။ ကြို့ကုန်း အိမ်ရာစခန်းသည် ပြည်သူ့အငှားအိမ်ရာ ဖြစ်ပြီး မြေဧက ၁၆ ဧကကျယ်ဝန်းပြီးလက်ရှိတွင် စုစုပေါင်းအခန်း (၁၄၅)ခန်း ပါရှိပြီး အိမ်ခန်းလခ မှာ တစ်စတုရန်းပေ ၁၂ကျပ် ပြား ၅၀ နှုန်း ကောက်ခံလျက်ရှိပါသည်။တစ်ခန်းအကျယ်အဝန်း (၄၉၀) စတုရန်းပေ မှ (၁၂၅၀) စတုရန်းပေ ကျယ်ဝန်းပြီး အသစ်ပြန်လည်ဆောက်လုပ်ရန် ညှိုနှိုင်းဆောင်ရွက်ပြီးပါက ဓါတ်လှေကားပါ အထပ်မြင့် အဆောက်အဦ များတွင် ပြန်လည် ဆောက်လုပ်ပြီး ငှားရမ်းသွားမည်ဖြစ်ကြောင်းမြို့ပြနှင့်အိမ်ရာဖွံဖြိုးမှုဦးစီးဌာနမှသိရသည်။ အင်းစိန်မြို့နယ် ကြို့ကုန်း ပြည်သူ့ အငှားအိမ်ရာ ကို မြို့ပြ ပြန်လည်ဖွံ့ဖြိုးရေး အစီအစဉ်အရ (Redevelopment plan ) နှစ်ပေါင်း (၅၀) ကျော် သက်တန်းလွန်အိမ်ရာများကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် အိမ်ရာတွင် အိမ်ငှားနေထိုင်သော ပြည်သူများထံ အသိပေးခြင်း ကို ယခုလ ၁၅ရက်နေ့ကပြုလုပ်ခဲ့သည်။ မြို့ပြနှင့်အိမ်ရာဖွံဖြိုး ရေးဦးစီးဌာနသည် ယခင်ဌာနပိုင်အိမ်ရာအဟောင်းများပြန်လည်အသစ်ဆောက်လုပ်အကောင်ထည်ဖော်ခြင်းကို ၂၀၁၄ခုနှစ်ကစတင်ခဲ့ပြီးလက်ရှိတွင် ၅၂လမ်းအိမ်ရာ၊ ပုဇွန်တောင်တောင်အိမ်ရာ၊ လင့်လမ်းအိမ်ရာ၊ လမ်းသစ်အိမ်ရာများကို စတင်အဆင့်မြင့်တင်လျက်ရှိကြောင်း ဌာန၏စာရင်းများအရသိရသည်။