Condo new

Condo new

ကွန်ဒိုတိုက်ခန်းများသတ်မှတ်ထားသည့်အဆင့်မီခြင်းမရှိပါကရိုးရိုးတိုက်ခန်းအဖြစ်သာသတ်မှတ်သွားမည်

မြန်မာနိုင်ငံအတွင်းရှိ ကွန်ဒိုတိုက်ခန်းများဆောက်လုပ်မှုတွင်
သတ်မှတ်အဆင့်မီခြင်းရှိမရှိကို ယခုနှစ်ကုန်ပိုင်းတွင် စတင်စစ်ဆေးနိုင်မည် ဖြစ်ပြီး သတ်မှတ်စည်းကမ်း ချက်များနှင့်ကိုက်ညီမှုမရှိပါက ရိုးရိုးတိုက်ခန်းအဖြစ်သာသတ်မှတ်သွားမည်ဖြစ်ကြောင်း
ရန်ကုန် စုပေါင်းပိုင်အိမ်ရာအဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက သိရသည်။

''ကျွန်တော်တို့က ကွန်ဒိုအဆောက်အအုံ ဖြစ်မဖြစ်ကို စိစစ်မယ်။
သတ်မှတ်ချက်နဲ့ ကိုက်ညီရင်ကွန်ဒိုဖြစ်ကြောင်း ထောက်ခံချက် ထုတ်ပေးမယ်မကိုက်ညီရင်တော့ရိုးရိုးတိုက်ခန်းအဖြစ်ပဲသတ်မှတ်မှာပါ''ဟု ရန်ကုန်ကွန်ဒို မီနီယံ စီမံခန့်ခွဲရေးကော်မတီမှ ကော်မတီဝင် ဦးမျိုးမြင့်ကပြောသည်။

အဆိုပါကော်မတီသို့ ကွန်ဒိုမီနီယံ အဆောက်အအုံဖြစ်ကြောင်း
ထောက်ခံချက်ရရှိရန် တင်ပြထားသည့် ကွန်ဒိုအလုံး၂ဝခန့်ရှိပြီး
ကော်မတီစည်းကမ်းများတွင် ကွန်ဒိုမီနီယံ ဆောက်လုပ်မည်ဆိုပါက မြေဧရိယာအကျယ်မှာ စတုရန်းပေ နှစ်သောင်းကျော်ရှိရမည်ဖြစ်
ပြီးအထပ်အမြင့်မှာ ခြောက်ထပ်အထက်ဖြစ် ရမည်ဖြစ်သည်ဟု သိရသည်။အဆိုပါကွန်ဒိုများသည်ဓာတ်လှေကားပါရှိရမည်ဖြစ်ပြီး မြေကိုလည်း တစ်ဦးတစ်ယောက်ပိုင်မြေမှအများပိုင်မြေအဖြစ် လွှဲပြောင်းရမည့်အပြင် ဥပဒေတွင်ပါရှိသည့်သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမှသာ ကွန်ဒိုအဆောက်အအုံဖြစ် ကြောင်း
ထောက်ခံချက်ရရှိမည်ဖြစ်သည်။

ကွန်ဒိုအဆောက်အအုံဖြစ်ကြောင်း ထောက်ခံချက်ရရှိပါက မြေကိုအများပိုင်အဖြစ်လွှဲပြောင်းထားသည့်အတွက် ပိုင်ဆိုင်မှုရှုပ်ထွေးခြင်းမရှိသည့်အပြင် နိုင်ငံတော်မှလည်း အခွန်အခများကိုအပြည့်အဝရှိရမည်ဖြစ် ကြောင်းသိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာလုပ်ငန်း လုပ်ဆောင်ရန် ကုမ္ပဏီ ၃၂ခုကို လိုင်စင်ချထားပေးပြီးဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွန်ဒိုဆောက်လုပ်မည်ဆိုပါက ဆောက်လုပ်ရန်် လုပ်ငန်းလိုင်စင်ကြေးနှင့်ကွန်ဒိုခန်းများ အတွက် မှတ်ပုံတင်ကြေးကိုလည်း ပေးသွင်းရ မည်ဖြစ်ပြီးဆောက်လုပ်ရန် လုပ်ငန်းလိုင်စင် ကြေးမှာ ကျပ်သိန်း ၁ဝဝ ပေးသွင်းရမည်ဖြစ်သည်။

ကွန်ဒိုခန်းများအတွက် မှတ်ပုံတင်ကြေးမှာ အနည်းဆုံး ကျပ်ငွေ ၂ဝဝဝဝ မှအမြင့်ဆုံး ၅ဝဝဝဝ ကျပ်အထိ ပေးသွင်းရမည်ဖြစ်သည်။အဆိုပါကွန်ဒိုတိုက်ခန်းများအတွက် ကွန်ဒိုမီနီယံ ဥပဒေကို၂ဝ၁၆ခုနှစ်ဇန်နဝါရီလတွင် ထွက်ပေါ်ခဲ့ပါပြီး ၂ဝ၁၈ခုနှစ် သြဂုတ်လတွင်နည်းဥပဒေကို ထုတ်ပြန်ခဲ့သည်။

မင်းချိုမှ Lin Myanmar Property အတွက်ရေးသားပေးပို့သည်။