construction today

construction today

ကုန်ကျစရိတ်မြင့်တက်နေသော် လည်း ရောင်းချသည့်တန်ဖိုးလျော့နည်း သွားသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ အနည်းငယ်လျော့ကျ

ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ် ငန်းများတွင် ဒေါ်လာဈေးမြင့်တက်နေ သည့်အတွက် ကုန်ကျစရိတ်တန်ဖိုးမြင့် တက်နေသော်လည်း ရောင်းချရသည့် တန်ဖိုးမှာ လျော့နည်းသွားသောကြောင့် လုပ်ငန်းများအနည်းငယ်လျော့ကျလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။

လက်ရှိတိုက်ခန်းအိမ်ရာများ တန် ဖိုးကျဆင်းနေချိန်တွင် ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်တက် နေသဖြင့် ကုန်ကျစရိတ်ကြီးမြင့်နေ ကြောင်း၊ ထို့အပြင် တိုက်ခန်းဈေးနှုန်း များကျဆင်းနေသည့်အတွက် ဆောက် လုပ်ရေးလုပ်ငန်းရှင်များ အခက်ကြုံနေ ရခြင်းဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့နိုင်ငံ က Import အများဆုံးတင်သွင်းတာဆို တော့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အ ဆိုးဆုံးလာထိတယ်။ ဆောက်လုပ်ရေး လုပ်ငန်းအတွက် သံချောင်းတွေ၊ ဘိ လပ်မြေတွေ၊ လျှပ်စစ်ပစ္စည်းအကုန်ပါတယ်'' ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေါ်လာဈေးမြင့်တက်ချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်း ဆောက်လုပ် ရေးပစ္စည်းအချို့မှာ ၅ ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်နေပြီး ဒေါ်လာဈေး ဆက်လက်မြင့်တက်ပါက ဆောက်လုပ်ရေးသုံးပစ္စည်းများမှာ ၁၈ ရာခိုင်နှုန်းအထိဈေးမြင့်လာနိုင်ကြောင်း၊ လက်ရှိတွင် တိုက်ခန်းတန်ဖိုးများမှာ လည်း ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အထိကျဆင်းနေပြီး အရောင်းအဝယ် ဈေးကွက်မှာ အေးနေကြောင်း သိရ သည်။
မင်းချို