HIGHT BUILDING

HIGHT BUILDING

၀၁၈-၂၀၁၉ဘဏ္႑ာနှစ်တွင် ကိုးထပ်နှင့်အထက်အဆောက်အအုံ ၁ဝလုံးခွင့်ပြု ရန်ကုန်မြို့တွင်း ၉ထပ်နှင့်အထက်အဆောက်အအုံမူအားဖြင့်ခွင့်ပြုပေးမှုမှာ ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ဘဏ္႑နှစ် တွင်လုပ်ငန်းပေါင်း ၁ဝခုသာခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာ ဌာန(အဆောက်အအုံ)မှသိရသည်။ အဆောက်အအုံများအနေဖြင့် ဟိုတယ် ၊ ရုံးခန်း နှင့် အဆင့်မြင့်လူနေအိမ်ရာ များခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။မြို့နယ်များအနေဖြင့် သန်လျင်၊ ဗဟန်း၊ တာမွေ၊ လှိုင်၊ ရန်ကင်း၊ သာကေတ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ နှင့်ဗိုလ်တထောင်မြို့နယ်များတွင် ဆောက်လုပ်အကောင် ထည်ဖော်သွားမည်ဖြစ်သည်။ စည်ပင်သာယာရေးကော်မတီမှ ၂၀၁၈-၂၀၁၉ ဘဏ္႑နှစ်တွင် မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနပိုင်မြေနေရာ၂ခု ၊ စက်မှုဝန်ကြီးဌာနပိုင် မြေနေရာ၁ခု ၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေနေရာ ၁ခု ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနပိုင်မြေနေရာ ၁ခု နှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များမှ လုပ်ငန်း ၅ခု တို့ကိုခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ အမြင့်ဆုံးခွင့်ပြုပေးမှုတွင် သာကေတမြို့နယ် ရူခင်းသာမြို့ပတ်လမ်းတွင်တည်ဆောက်မည့် အဆင့်မြင့်အိမ်ရာစီ မံကိန်းကို ၃၂ထပ်အထိခွင့်ပြုပေးခဲ့ပြီး အနိမ့်ဆုံးအနေဖြင့် ၁၂ထပ်အဆောက်အအုံများပါဝင်ကြောင်းစည်ပင်သာ ယာရေးကော်မတီမှသိရသည်။