REAL EASTATE MARKET

REAL EASTATE MARKET

အိမ်ခြံမြေဈေးကွက်ဒီချုပ်အစိုးရ တာ၀န်ယူထိန်းသိမ်းခဲ့ခြင်းသည် အိမ်ခြံမြေနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိ ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက် မပြိုလဲရန်အတွက် ဒီချုပ်အစိုးရမှ တာ၀န်ယူထိန်းသိမ်းခဲ့ခြင်းသည် အိမ်ခြံမြေနှင့် တိုက်ရိုက် သက်ဆိုင်မှုမရှိကြောင်း လုပ်ငန်းရှင်တစ်ချို့၏ သုံးသပ်ချက်အရ သိရသည်။ မြန်မာနိုင်ငံ၏ ၁၀ စုနှစ်တစ်ခုအကြာ တစ်ရှိန်ထိုးမြင့်တက်ခဲ့သော အိမ်ခြံမြေမိုးပျံပူဖောင်းကြီး ပေါက်မည့်အခြေအနေကို ဒီချုပ်အစိုးရမှ တာ၀န်ယူထိန်းသိန်းနိုင်ခဲ့သည်ဟု ဇွန် ၂၁ ရက်က ကျင်းပသည့် Gonyi Shophouse အဆောက်အအုံပိုင် တိုင်စိုက်ထူခြင်းအခမ်းအနား၏ အဖွင့်မိန့်ခွန်း၌ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ‘‘ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဈေးက ထင်သလိုတက်ခဲ့တဲ့ကာလတစ်ခုရှိခဲ့တယ်။ ဒီကာလဂ ယက်ကို အစိုးရသစ်တာ၀န်ယူပြီး နောက် တောက်လျှောက်ရိုက်ခတ်မှုရှိခဲ့တယ်။ အဲဒါကြောင့် အိမ်ခြံမြေဈေးကွက် မိုးပျံ ပူဖောင်းပေါက်မည်ဆိုပါက မြန်မာနိုင်ငံဘဏ္႑ာရေးနှင့် ဘဏ်စနစ်ကို ထိခိုက်နိုင်သဖြင့်၀င်ရောက် ထိန်းခဲ့တာပါ" ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။ မြန်မာနိုင်ငံ၏ ဘဏ်စနစ် သည်ယခင်က မရွှေ့ပြောင်းနိုင်သောအိမ်၊ မြေများကိုသာအပေါင် ပစ္စည်းအဖြစ် လက်ခံခဲ့ခြင်းဖြစ်ပြီး ဘဏ်များမှ ငွေချေးလိုသူအနေဖြင့် အိမ်၊ မြေကို အပေါင်ထားသဖြင့် အိမ်ခြံမြေဈေး ဆိုးရွားစွာထိုးကျပါက ဘဏ်များအတွက် အန္တရာယ်ရှိကြောင်း၊ သို့သော် လက်ရှိ အိမ်ခြံမြေဈေးကွက်အခြေမှာ ပြန်လည်တည်ငြိမ်လာပြီး ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့်လည်း လုပ်ငန်းစတင်နိုင်ပြီဖြစ်ကြောင်း စီးပွားရေး ပညာရှင်အချို့က သုံးသပ် ပြောသည်။ "အိမ်​ခြံ​မြေ​ဈေးငြိမ်​ပြီး​နောက်​မှာ ​ရွေှ​ဒေါ်လာက တက်​လာ​တော့ ကစားတဲ့သူ​တွေကလဲ ဒီဘက်​ပြန်​ဝင်​လာတဲ့အတွက်​ အဝယ်​​တော့ရှိတယ်​။ အရင်​လို အ​ခြေအ​နေ​တော့ ပြန်​မ​ရောက်​​သေးပါဘူး" အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောသည်။