LAND

LAND

လုပ်ငန်းတစ်ခုလုပ်ဖို့အတွက် မြေစာရင်းမှာ ပုံစံ ၇ လျှောက်တော့ NRUF ဆိုတဲ့ မြေစာရင်းပုံစံ ထွက်လာ ပါတယ် ။ ပုံစံ ၇ မလျှောက်ရသေးတဲ့အတွက် လုပ်ငန်းဆောင်ရွက်ခွင့် မပြုနိုင်ဘူးလို့ တိုင်းဒေသကြီးအစိုးရက ပြောပါတယ် ။ ဥပဒေနဲ့အညီလုပ်ဆောင်နေတဲ့ အသင်းအဖွဲ့၊ကုမ္ပဏီတစ်ခုကို ဒီလိုခွင့်ပြုချက်မပေးတာက လယ် ယာမြေဥပဒေကြောင့်လား ၊ ဘာကြောင့်လဲဆိုတာကို သိပါရစေ ။
========================

သူပြောတဲ့ NRUS ဆိုတာ နောက်ဆက်တွဲ တိုင်းတာခြင်း မပြုရသေးတဲ့ မြေလို့ပဲ အဓိပ္ပါယ်ကောက်ယူရပါတယ်။ အဲဒီတော့ လယ်ယာမြေဥပဒေမှာ ဖွင့်ဆိုချက်ကို ပြန်ပြီးလေ့လာဖို့ လိုပါတယ်။ လယ်ယာ၊ကိုင်းကျွန်း၊ ဥယျာဉ် စသည်ဖြင့် သတ်မှတ်သောမြေလို့ ဆိုတဲ့အတွက် ဒီလိုသတ်မှတ်ဖို့သည် ကြေးတိုင်မြေမျိုး သတ်မှတ်ထားတဲ့ မြေမျိုး ဖြစ်ရပါမယ်။ ကြေးတိုင်မြေမျိုး သတ်မှတ်ထားတဲ့ မြေမျိုးဖြစ်ဖို့အတွက်ဆိုရင် ကွင်းမြေပုံ ရှိရပါမယ်။ ယခုလို ကွင်းမြေပုံမရှိတဲ့ အရပ်ကမြေကိုဆိုရင် လတ်တလော အဓိပါ္ပယ်ဖွင့်ဆိုချက်တွေအပေါ်မှာ ကောက်ယူမှု တွေအရ လယ်ယာမြေလို့ မသတ်မှတ်တဲ့အတွက် ပုံစံ ( ၇ ) မပေးပါဘူး။ သို့သော် သူလုပ်ခြျင်တယ် ဆိုရင် တော့ ဒီမြေက လယ်ယာမြေမဟုတ်ရင် မြေလွတ်မြေရိုင်း ဖြစ်နေပါပြီ။ မြေလွတ်၊မြေရိုင်းများ လုပ်ပိုင်ခွင့် အတွက်ကိုမြေလွတ်၊မြေလပ်၊မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေအရ လျှောက်ထားဆောင်ရွက်ခြင်းအားဖြင့်သူ့အတွက် အဆင်ပြေနိုင်မယ်လို့ ဖြေကြားလိုပါတယ်။

#DVBlawlab #DVBtvnews #မြေလွတ်မြေလပ်မြေရိုင်းland