အမြန်​ လမ်းဧကအ၀ယ်များ

အမြန်​ လမ်းဧကအ၀ယ်များ

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဧကကွက်များ ရောင်းရန်ရှိသည်တဲ့
ဘယ်သူတွေက ဘာလုပ်ဖို့ဝယ်ကြမှာလဲ
အမြန်လမ်းပေါ်မှာ ဥယျာဉ်ခြံတွေ နှစ်ရှည်သီးနှံခြံတွေ ရာသီသီးနှံစိုက်ခင်းတွေ
သစ်တောဆီကလျှောက်ထားပြီးစီးပါွးဖြစ်စိုက်နေတဲ့ 
ကုမ္ပဏီ/အစုအဖွဲ့/ပုဂ္ဂလိကစိုက်ခင်းတွေ
လယ်နဲ့မွေးမြူရေးလုပ်ငန်းတွေအများဆုံးရှိပါတယ်
အမြန်လမ်းမှာရောင်းဝယ်မယ်ဆိုရင်
တွေ့ရမယ့်မြေအမျိုးအစားတွေ လက်လှမ်းမီသလောက် မေးမြန်းကြည့်တာမှာ
(အသုံးအနှုံး လွဲနိုင်ပါတယ်)
အခြားနည်းသုံးစွဲခွင့် ပုံစံ၁၅စာရွက်စာတမ်းများ
နှစ်၃၀ နှစ်ရှည်သီးနှံ လုပ်ပိုင်ခွင့်လက်မှတ်
မြေလွတ်မြေလပ်မြေရိုင်းလုပ်ကိုင်ခွင့်(ပုံစံ၁၀၅)
ဥယျာဉ်ခြံမြေ(လက်ငုတ်စလစ်)
ဥယျာဉ်ခြံမြေပုံစံ(၇)
လယ်မြေပုံစံ(၇) လယ်မြေ လက်ငုတ်စလစ်
သစ်တောစိုက်ခင်းပုံစံ၁၀၅(ကုမ္ပဏီ/ပုဂ္ဂလိက)
စတာတွေလို့အကြမ်းဖျင်းသိရပါတယ်
မြို့နဲ့နီးစပ်တဲ့နေရာတွေနဲ့စက်မှုဇုံမှာမြေဈေးတွေကြီးလို့
မြေကျယ်ကျယ်ကိုအသုံးချပြီး စိုက်ပျိုးမွေးမြူရေး
လုပ်ချင်သူတွေ ကိုယ်ပိုင်စက်မှုအခြေခံလုပ်ငန်း
ထူထောင်ချင်သူတွေဟာ 
အမြန်လမ်းပေါ်ကမြေကျယ်ကျယ်တွေကို မြို့နဲ့မနီးမဝေးနေရာတွေရှာကြပါတယ်
အုပ်ချုပ်မှုကိစ္စနဲ့Infrastructureတွေ
ဆောင်ရွက်ဖို့မြို့နဲ့မနီးမဝေးမှလည်းဖြစ်မှာပါ
တစ်ချို့ကတော့ ယာဉ်ရပ်နားစခန်းလိုနေရာတွေ
အပန်းဖြေနားနေကြားစခန်းစားသောက်ဆိုင်ငယ်တွေ
ကိုယ်ပိုင်ဘန်ဂလိုလေးဆောက်ပြီးအနားယူလိုသူ
စက်သုံးဆီဆိုင်ဖွင့်လိုသူ
ဒါ့အပြင် တရားရိပ်သာစခန်း လှူဒါန်းလိုသူတွေ
စသဖြင့် ကျွန်တော်တို့လိုက်ပြခဲ့ရပါတယ်
ပြည်တွင်းပြည်ပလုပ်ငန်းရှင်အမျိုးမျိုးပေါ့
အခုလိုငွေကြေးအကြပ်အတည်းကာလမှာ
ပြည်တွင်းဝယ်လက်တွေထက်နိုင်ငံခြားကိုပိုမျှော်ရပါတယ်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI)အတွက်
မြေလာကြည့်သူတွေထဲမှာတရုတ်လူမျိုးတွေက 
အများဆုံးပါ ကိုရီးယား ဂျပန် အိန္ဒိယနဲ့ ဥရောပနိုင်ငံသားအချို့ပါပါပါတယ်
သူတို့လုပ်ချင်တဲ့စီမံကိန်းလိုအပ်ချက်အရ
မြေအကျယ် ရေမြေ ချောင်းမြောင်း
တောင်ကုန်းမြေပြန့် စသဖြင့်အရင်ကြည့်ပါတယ် 
ကွင်းမြေပုံ မြေပြင်အချက်အလက်တွေ
မှတ်တမ်းယူပါတယ်
တစ်ခါက ဒရုန်းနဲ့တောင်ရိုက်သွားပါတယ်
တစ်ချို့က တောထဲဆင်းပြီးမြေနမူနာတူးယူ
သယ်သွားပါတယ်
ဧက ၅၀ ၁၀၀ ၃၀၀ ၁၀၀၀ ၃၀၀၀ ၅၀၀၀ လုပ်ငန်းအမျိုးအစားအလိုက်လိုသလောက် စုပေါင်းစပ်ပေါင်းလိုက်ရှာပေးရတာပါ 
ပြည်တွင်းဝယ်လက်နဲ့အလုပ်ဖြစ်ဖူးပေမယ့်
နိုင်ငံခြားသားတွေပြခဲ့ရသမျှတခါမှအလုပ်မဖြစ်ပါဘူး
သူတို့ကစနစ်ကျပါတယ် နေရာအဆင်ပြေရင်MICတင်ပါတယ်
ပြီးရင် အောက်ပါအတိုင်းတွက်ချက်ပါတယ်
လိုအပ်တဲ့မြေအကျယ်အဝန်းနဲ့မြေဈေးသက်သာမှု
လုံလောက်သောလျှပ်စစ်ဓါတ်အားရရှိမှုှု
သယ်ယူပို့ဆောင်ရေးစရိတ်နဲ့လမ်းကောင်းမှု
လုပ်သားအလုံအလောက်ရရှိဖို့နှင့်ဈေးသက်သါမှု
နယ်မြေအခြေအနေအေးချမ်းမှုနှင့်တရားဥပဒေစိုးမိုးမှု
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေအတွက် ဥပဒေကြောင်းအကာအကွယ် စတာတွေပါ
အမြန်လမ်းမှာ ရောင်းလိုသူတွေဟာ
အဓိကAdminကိစ္စနဲ့Infrastructureမှာ
စာမေးပွဲကျတာပါပဲ 
ကျွန်တော်တို့က ရှောက်ကြည့်ပြန် ပတ်ချုံကြည့်
အာ့ကျန်မပြောင်း အကြောင်းမပြန်နံမည်ပေးခဲ့့ပေမဲ့
သူတို့ရဲ့ရင်းနှီးမြုပ်နှံမှုအခက်အခဲတွေကိုလည်း
ထည့်သွင်းနားလည်ပေးရမှာပါ
နောက်တစ်ခါ မြန်မာနိုင်ငံရဲ့ဥပဒေတစ်ချို့ကြောင့်အခက်အခဲများ
တွေ့ရတယ်လို့တရုတ်အဖွဲ့နဲ့ပါလာတဲ့
ပညာရှင်တစ်ဦးပြောပြခဲ့ဘူးပါတယ်

ကြုံဘူးတဲ့အထဲမှာ တရုတ်အဖွဲ့့တွေဆီကပညာအရဆုံးပါ
စည်းစနစ်တကျတိုင်းဒေသကြီးအစိုးရMICတို့နဲ့
အကြမ်းဖျင်းစကားပြောပြီးပါပြီနေရာလာရှာတာ
ဆိုတဲ့အဖွဲ့ရှိသလို အလွတ်တန်းဝယ်ရောင်းတွေလဲကြုံဘူးပါတယ်
ကားကြီး၂စီး၃စီးနဲ့ ပြည်ကြီး
တရုတ် ပြည်တွင်းတရုတ် စကားပြန်တွေနဲ့လာ
မြေပြင်က ပွဲစားအုပ်စုတွေကလဲ မစားရဝခမန်း
မာန်တွေတက်ပြီး ပေးလိုက်ရတဲ့မြေပုံကြမ်းတွေ
ပြေစာ စာရွက် စာရင်းဇယား တွေ ယူသွားပြန်ပြီ
အဲဒါတွေကို သူတို့နိုင်ငံက Investerတွေကို
သွားပြောပြတာတဲ့ ဒီမှာတော့ဒီလိုလုပ်ကွက်တွေရှိတယ်ပေါ့
ဟိုနိုင်ငံကသူဌေးက အေးစဉ်းစားအုံးမယ်ကွာရှိသေး
ဒီက ပွဲစားတွေနဲ့ခြံပိုင်ရှင်တွေအမွေခွဲနေကြပြီ
ခနခန အကြောင်းမပြန်နိုင်တာများတော့
အခုတော့ လာကြည့်မယ်ဆို ခြံပိုင်ရှင်တွေက
ခေါင်းတောင်စောင်းမကြည့်တော့ဘူးလေ
ဧကကျယ်အဝယ်လိုင်းမှာဘလိုင်းကြီးအမြတ်ထွက်တဲ့ 
ပညာခန်းတွေရှိပါသေးတယ် 
ဟိုနိုင်ငံက သူဌေးက သဘောကျတယ်
အဲဒီလုပ်ငန်းအတွက်နဲနဲစမ်းကြည့်တာပေါ့ဆိုပြီး
ကုမ္ပဏီဒုဥက္ကဌလောက်ကိုတိုင်းအစိုးရနဲ့စကားပြော
ရုံရှိသေး ဒီက စကားပြန်နဲ့ပြည်တွင်းတရုတ်က
မြေပိုင်ရှင်တွေကို စတိစရံလိုက်ချဝိုင်းကြီးချုပ်ပြီးသွားပြီ
တင်ရိုက်ထားတဲ့ဈေးက အရမ်းကွာနေတာကိုး
ရှေ့တိုးမလိုလိုနဲ့နောက်ဆုတ်သွားတဲ့ပွဲဆိုကွဲပြီပဲ
ဒါကြောင့် ဧကကျယ် တွေမှာ ဘလိုင်းကြီးစရံ
စားလိုက်ရတဲ့ ခြံရှင်တွေလယ်သမားတွေ
အများကြီးရှိနေကြောင်းပါ
တစ်ကယ်တော့ အမြန်လမ်းပေါ်ကဧကကျယ်တွေဟာ
၂၀၁၀ဒီမိုကရေစီအစိုးရပြောင်းလဲပြီးနောက်
၂၀၁၂ နဲ့ ၂၀၁၄ ကြားမှာ နံမည်ပိုကြီးခဲ့ပါတယ်
ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ခဲ့ပြီး လယ်ယာမြေဥပဒေ(၃၀/၃/၂၀၁၂)
မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေ(၃၀/၃/၂၀၁၂)
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေ(၂/၁၀/၂၀၁၂)တို့နဲ့အတူ ခါတော်မီအုန်းအုန်းကြွက်ကြွက်
ရှိခဲ့ကြပေမယ့် လုပ်ရင်းလုပ်ရင်းမလွယ်ကူမှန်း
သိလာကြပါတော့တယ် 
မြေဧကကျယ်တွေကတော့တစ်ကယ်လိုနေတာပါ 
စက်မှုဇုံအသစ်တွေထပ်ဖော်မယ်လို့လဲသိရပါတယ်
အဲဒါကိုဝယ်ရောင်းတွေလက်ထဲ မထားစေဘဲ
ကောင်းမွန်သောရင်းနှီးမြုပ်နှံသူGood Investers
တစ်ကယ်လုပ်မည့်သူတွေကိုသင့်လျော်သော
နှုန်းထားနဲ့ရောင်းပေးခဲ့မယ်ဆိုရင်ဖြင့်
ရင်းနှီးမြှုပ်နှံသူတွေပိုဆင်ပြေစေမှာပါ
သို့မဟုတ်ပါက 
အလုပ်မလုပ်နိုင်ပဲ လုပ်ငန်းမလည်ပတ်ပဲ မြေနေရာဦးထားသူတွေဆီကဈေးကြီးကြီးဖြင့်
ဘာကြောင့်ဝယ်နေရသနည်း ဆိုသည့်
ပုစ္စာရှင်းရခက်နေပါအုံးမယ်
မြေလွတ်မြေလပ်မြေရိုင်း မှာလဲ
ဥပဒေအရချပေးထားတဲ့မြေတွေမှာ သီးနှံစိုက်သို့မဟုတ်လျှောက်ထားတဲ့proposals
အတိုင်း အလုပ်လုပ်ပြရပါတယ်တဲ့
သတ်မှတ်နှစ်အလိုက်(၄နှစ်ဟုဥပဒေမှာဖော်ပြထား)
လုပ်ဆောင်ချက်တွေသက်ဆိုင်ရာသို့တင်ပြပြီး
မြေပိုင်ဆိုင်မှုအဆင့်မြှင့်ဖို့စည်းကြပ်ခွန်ဆောင်
ဆက်လက်လုပ်ဆောင်ရမယ်
အခြားနည်းသုံးစွဲခွင့်အထိဆက်လျှောက်လို့ရတယ်လို့
မြေစာရင်းဝန်ထမ်းတစ်ဦးကဆိုပါတယ်
အမြန်လမ်း ပဲခူး ၃၇ မိုင်နားမှာ
အခြားနည်းသုံးစွဲခွင့် လျှောက်ထားပြီးနောက် ဟိုတယ် အိမ်ယာဆောက်လုပ်ခွင့်နဲ့ကျထားတဲ့သတင်း
ပဲခူး မြို့ရှောင်လမ်းနားမှာ မြေလွတ်မြေရိုင်းကနေ
အဆင့်ဆင့်ပြောင်းပြီး
အထည်ချုပ်စက်ရုံဖွင့်ဖို့ဆောက်နေတဲ့သတင်း
နောက်ထပ် အုတ်စက်တစ်ခု ဒါတွေဟာ
အမြန်လမ်းပေါ်ကမြေလွတ်မြေရိုင်းတွေအတွက်
သတင်းကောင်းတစ်ခုဖြစ်လာမှာပါ
(လျှပ်စစ်မီးသွယ်တန်းလို့ရတာအဓိကပါ)
အမြန်လမ်းတစ်ဝိုက်မှာ
လျှောက်ထားတုံးကဧကအများကြီးလုပ်နိုင်တာက
နည်းနည်းလေးပဲ ဖြစ်နေတဲ့အကွက်တွေလဲ
သွားရင်းလာရင်းမြင်နေရပါတယ်
မြေလွတ် မြေလပ် မြေရိုင်း သစ်တောမြေ စသည်တို့ဟာ အစိုးရရဲ့ လက်ဝယ်စီမံခန့်ခွဲ
ပေးကမ်းနိုင်သော မြေများလို့ လေ့လာမိပေမယ့်
အမြန်လမ်း နှင့် အနီးတဝိုက် မြေများကတော့
ဦးရာလူ ပိုင်ရှင်အမည်ပေါက် ရှိပြီးသားမြေများ
ဖြစ်နေသည့်အတွက် ကျွန်တော့်တရုတ်ကိုယ်စားလှယ်တစ်ယောက်
ပြောသွားတာက 
မြို့ပေါ်မှာဈေးကြီးလို့တောဘက်ဆင်းရှာကြည့်တယ် 
အဆင်ပြေရင်အစိုးရနဲ့စာချုပ်ချုပ်မှာကိုတောင် နင်တို့အစိုးရမှာပေးစရာမြေမကျန်တော့ဘူးထင်ပါရဲ့
မြေပေါ်မှာအားလုံး အလုပ်မလုပ်ထားလဲ
ဦးတဲ့လူအမည်ပေါက်တွေချည်းပဲ သေပြီပေါ့ တဲ့
(ခွင့်ပြုထားသည့် မြေလွတ် မြေလပ်နှင့်မြေရိုင်း
များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်
မရရှိပဲ ပေါင်နှံခြင်း ပေးကမ်းခြင်း ရောင်းချခြင်း
အငှားချထားခြင်း အခြားနည်းဖြင့်လွှဲပြောင်းခြင်း
ခွဲစိတ်ခြင်းမပြုရ ) တဲ့ ဒါမျိုးစည်းကမ်းချက်တွေဟာ
မြေချပါမစ် တိုင်းမှာ တွေ့နေရပေမယ့်
အဝယ်မျှော်နေတဲ့ ဧကကွက်များကတော့
အမြန်လမ်းဈေးကွက်မှာ ရှိနေကြဆဲပါပဲခင်ဗျာ

ကိုအောင်နိုင်သူ အိမ်ခြံမြေအကျိုးဆောင်
(လင်းမြန်မာပရော်ပါတီဒေါ့ကွန်း အတွက်
ရေးသားပေးပို့ပါသည်)