REAL ESTATE NEW TO DAY

REAL ESTATE NEW TO DAY

ဝယ်သူဘက်က စဉ်းစားစရာ(Adv : story) #မြေနဲ့အိမ်ဝယ်မယ်ဆိုရင် ရောင်းတဲ့သူက ရောင်းနိုင်တဲ့ဈေးကိုသတ်မှတ်ရတယ် ဝယ်တဲ့သူကလဲဝယ်နိုင်တဲ့ဈေးမှာနောက်ဆက်တွဲ ကုန်ကျစရိတ်တွေထည့်စဉ်းစားပြီးမှဝယ်မှာပါ ရောင်းသူများပြီးဝယ်လက်ရှားနေတဲ့အခြေအနေမှာ ဝယ်လက် ဘယ်ဘက်ထွက်လာမလဲလို့ ပွဲစားတွေ မနေမနား ဖြန့်ကျက်ရှာနေသလို အရောင်းဘက်ကိုလဲဈေးငြိမ်အောင်ချုပ်ထားကြမှ အရောင်းအဝယ်နီးစပ်မှာပါနော မနေ့ကပဲ အန်ကယ်လ်တစ်ယောက်ဖုန်းဆက်လာတယ် မြောက်ဒဂုံကသူ့မြေကွက်ရောင်းပေးပါအုံးတဲ့ သူလိုချင်တာသိန်း၆၀၀၀ဘယ်လောက်ရနိုင်မလဲတဲ့ ဟုတ်ကဲ့ပါခင်ဗျာ ပေ ၄၀x၆၀(နှစ်ကွက်တွဲ)နေရာကမြောက်ဒဂုံ ပြည်ထောင်စုလမ်းမပေါ် ၂၈ရပ်ကွက် ပေါ့ ဆရာစံလမ်းမထိပ်နားကျတဲ့ အတွက် တောင်ဥက္ကလာထွက်မယ်ဆို သစ္စာလမ်းတံတားက ဖြတ်ဖို့အနီးဆုံးနေရာပါ ပင်လုံအိမ်ယာ စီးတီးမတ် ဆေးရုံ တောင်မြောက်လမ်းဆုံတို့နဲ့မဝေးတဲ့အပြင် မိန်းလမ်းမပေါ်ဖြစ်ပြီးမြေကျယ်တဲ့အတွက် ဟိုတယ် Showroom အထပ်မြင့်အဆေါက်အဦ ဝပ်ရှော့ ဂိုထောင် လုပ်ငန်းမျိုးစုံ အသုံးချလို့ လွယ်ကူတာပေါ့ အန်ကယ့်လ်အမည်ပေါက်ပဲ ဈေးကတော့ သိန်း၆၀၀၀လောက်ရောင်းချင်တာဆိုတော့ အမှန်အတိုင်းပြောရင် ဈေးကပါးပါးလေးများနေတာ ကျွန်တော်ထင်တယ် အများဆုံးသိန်း၅၀၀၀လောက်ပဲရောင်းရမှာ အခုအချိန်မှာ အဝယ်တွေကလဲလူရည်မလည်လို့မရတော့ဘူး နေဖို့ပဲရှာရှာဝယ်ရောင်းပဲလုပ်လုပ် လွန်ခဲ့တဲ့၄နှစ်လောက်ကလဲ ဒီဈေးတန်းပဲ အခုလဲ အဲဒီဈေးတန်း ပါးပါးပါးပါးနဲ့တောင် လျော့လာချင်သေးတော့ ကျွန်တော်တို့မှာ ဝယ်ရောင်းတွေကိုစပ်ပေးရမှာအားနာလာပြီ ဝယ်ရောင်းဆရာတစ်ယောက်ကအမြဲမှာတယ် ငါ့ငွေကိုမင်းဘယ်လိုတိုးပါွးအောင်လုပ်ပေးမလဲ အခုမြေကွက်တစ်ကွက်ဆွဲလိုက်မယ် ဘဏ်ထဲထည့်ထားရင်အတိုးပါွးနေမှာနော် ဘဏ်တိုးထက်သာအောင်လုပ်တဲ့ ၆လလဲမထူး တစ်နှစ်လဲဈေးမတက် ပြန်ရောင်းဖို့လဲခက်နေမယ်ဆိုရင်တော့ ကိုယ့်ငွေမြေကြီးထဲမြုပ်သွားနိုင်တယ်လေ နေစရာအိမ်နဲ့ခြံတွေရှိပြီးသား ဆိုတော့ကာ အရမ်းမတန်ရင်ငွေရှင်တွေငွေမသုံးတော့ပါဘူး ဒီတော့ နေမယ့်သူ လုပ်ငန်းအသုံးချမယ့်သူပဲ ကျွန်တော်တို့ရှာနေရတာပါ အရောင်းအဝယ်ဖြစ်နေတယ်ဆိုတာ အပြီးအပိုင်အခြေချနေထိုင်မယ့်သူတွေနဲ့ ဖြစ်နေတာပါခင်ဗျ အန်ကယ့်နေရာက နေရာကောင်းပါခင်ဗျ မိန်းလမ်းမပေါ်ဖြစ်နေလို့ မြေဝယ်မကျဆိုတဲ့ စကားပုံနဲ့လဲကိုက်ညီပါတယ် မြေဝယ်မယ်ဆို လမ်းမတန်းသာဝယ်ထား ဈေးမကျနိုင်ဘူးတဲ့ ဒါပေမယ့် အခုမြောက်ဒဂုံလမ်းမတန်းပေါက်ဈေး နဲ့ဆိုရင် နည်းနည်းများနေသေးတယ် ပြီးတော့ ဝယ်ပြီးရင် ခြံကို မြေဖို့ ခြံခတ် ရေမြောင်းလုပ် မြောင်းဖုံးခင်း သပ်ရပ်သွားမှ မြေကွက်က လှသွားမှာလေ နောက်ပြီး မြောက်ဒဂုံ၂၈ရပ်ကွက်ပြည်ထောင်စုလမ်းမပေါ် အခွန်ရာဖြတ်စံနှုန်းက(၄၀x၆၀)သိန်း၁၀၀၀တဲ့ ၂၀၁၈မနှစ်ကသိန်း၈၀၀ဆိုတော့၂၀၀ထပ်တက်တယ် နောင်နှစ်၂၀၂၀မှာထပ်တက်မလားမသိတော့ စောစောစီးစီးဂရံအမည်ပြောင်းလုပ်ရအုံးမှာ အခွန်ဆောင်ရမယ့်ငွေ စာချုပ်ဖိုးရှေ့နေစရိတ် ထပ်ကုန်မယ့်အရာတွေ ဝယ်လက်ကစဉ်းစား အုံးမှာပါ ဒါကြောင့်ကျွန်တော်တို့ပွဲစားတွေက ရောင်းသူနဲ့ဝယ်သူကြားဈေးမျှတအောင်ခနခန ရှင်းပြနေရတာပါ ပြီးတော့ ဝယ်လက်တွေက တန်းပြီးလိုက်မကြည့်တော့ဘူး အရင်ဆုံး တန်မတန်ဈေးတန်းနားထောင်တာ 1sqft ဘယ်ဈေးလောက်ကျမလဲ တွက်တာလေ ဈေးတန်းနားထောင်ကောင်းအောင်ဖွင့်ပေးမှ သင့်တော်မယ်ထင်ပါတယ် ဒါကြောင့် အန်ကယ်လိုချင်တဲ့သိန်း၅၀၀၀စွန်းစွန်းရအောင် ဝယ်သူတွေရှိတော့လဲစိတ်ဝင်စားလာအောင် သိန်း၅၅၀၀ နဲ့ အမြန်ရောင်းလိုပါသည်လို့ ကြော်ငြာတင်ကြည့်လိုက်ပါမယ်ခင်ဗျာ

 ကိုအောင်နိုင်သူ အိမ်ခြံမြေအကျိုးဆောင် 09 4034 125 84