မေတ္တာဖြင့်ပေးကမ်းခြင်းဆိုတာ ဘာကိုဆိုလိုပါသလဲ ။ ဗုဒ္ဒဘာသာအရ မိဘမသေခင် အမွေပေးလို့ရ၊မရ ။ အမွေပေးရာမှာ ကိုယ်ပေးချင်တဲ့သားသမီးကိုပေးလို့ရ၊မရ ။ ပေးလို့ရမယ်ရင် ဘယ်လိုပေးရမလဲ ။ ကျန်တဲ့ သားသမီးတွေက ကန့်ကွက်လို့ရ၊မရ သိလိုပါတယ် ။
======================
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မိဘကသားသမီးကို သူ့ပိုင်တဲ့ပစ္စည်းကို ကြိုက်တဲ့သားသမီးကို ပေးလို့ရတယ်။ ရွေ့ပြောင်းနိုင်တဲ့ပစ္စည်းပဲဖြစ်ဖြစ်၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ အိမ်ခြံမြေပဲဖြစ်ဖြစ် ပေးလို့ရတယ်။ အဲ့ဒီလိုပေးတာ ကိုလည်း ကျန်သားသမီးတွေက ကန့်ကွက်ပိုင်ခွင့်မရှိဘူး။
ဒါပေမဲ့ ပြဿနာတစ်ခုရှိတယ်။ ဘာပြဿနာလဲဆို တော့ .. ဆိုကြပါစို့ သားသမီး၃ ယောက်ရှိမယ်။ သားသမီး ၃ယေက်ရှိတဲ့အထဲမှာ မိဘက ဒီအငယ်ဆုံးလေးကို ချစ်လို့ဆိုပြီးတော့ ရှိသမျှ အိမ်ခြံမြေ၊ တိုက်တွေကို အငယ် ဆုံး ကို ပေးလိုက်တယ်။ တရားဝင်ပေးတာပေါ့ ။ စာချုပ်စာတမ်းနဲ့မှတ်ပုံတင်ပြီးပေးလိုက်တာ။ အဲ့ဒီအချိန်ထိ ဘယ်သူ့မှ ကန့်ကွက်လို့ မရဘူး။ ဘယ်အချိန်မှာ ပြဿနာတက်လဲဆိုရင် မိဘတွေကွယ်လွန်ပြီး အဖေလဲမရှိ တော့ အမေလဲမရှိတော့ဘူး ၊ ကွယ်လွန်သွားတဲ့ အခါမှာ ကျန်တဲ့ နှစ်ယောက်က မိဘရဲ့အမွေကို တစိုးတစိမှ မရတော့ဘူးဆိုရင် အဲဒီပေးကမ်းခြင်းက ဥပဒေအရ အလိုလိုပျက်တယ်။
ဒါနဲ့ပတ်သက်လို့ကလည်း ဒေါ်ခင်ခင်ထွေးပါ ( ၅) နဲ့ ခေါ်ခင်ခင်လေးပေါ့ ၁၉၆၄ ခု မြန်မာနိုင်ငံစီရင်ထုံး စာမျက် နှာ ၅၉၉ အမှုစီရင်ထုံးက အဲ့အတိုင်းဆိုထားတာ။ ဒါကြောင့်မို့လို့သူ့က ကျန်တဲ့သားသမီးလေးတွေက အထိုက် အလျောက် တချို့က ကားရချင်ရမယ်။ တချို့က လက်ဝက်ရတနာရချင်ရမယ်ပေါ့ကွယ်။ အချိုးညီမျှခြင်းမှ ၊ ညီမျှ မယ် ဒီလိုဆိုရင်တော့ ပေးတာ မပျက်ဘူးပေါ့ကွယ်။ ဘယ်အခါပျက်သလဲ။ ကျန်တဲ့နှစ်ယောက်က မရဘူး အဲဒီလိုမရသွားဆိုရင် စာချုပ်စာတမ်းနဲ့ပဲဖြစ်ဖြစ်၊တရားဝင်ပဲဖြစ်ဖြစ် ၊ ပေးကမ်းခြင်းအရ ပေးလိုက်တဲ့ပေးခြင်း သည့် ဥပဒေအရ ဖျက်သိမ်းစရာတောင်မလိုဘူး။ အလိုလိုပျက်တယ်။ ဒါကတော့ သတိပြုရမယ့် အရာပါပဲ ။